Pages

Wednesday, February 21, 2018

ပံုမွန္အားျဖင့္ ေန႔စဥ္ ဆံပင္ အေခ်ာင္း ၅၀-၁၀၀ အထိ ကၽြတ္ေလ့ရွိပါတယ္။ ဆံပင္ေတြက ပံုမွန္အားျဖင့္ ေပါက္လာၿပီးေနာက္ပုိင္းမွာ ႀကီးထြားမႈရပ္တန္႔သြားၿပီး ကၽြတ္ေလ့ရွိပါတယ္။ ဒါေပမဲ့ ဆံပင္ျပန္ေပါက္တဲ့ျဖစ္စဥ္ပ်က္စီးသြားတဲ့အခါမွာ ထိပ္ ေျပာင္လာၾကပါတယ္။

မ်ားေသာအားျဖင့္ အသက္ႀကီးသူေတြမွာ ျဖစ္ေလ့ရွိပါတယ္။ ဒါေပမဲ့လည္း အသက္ ၂၀ အရြယ္နဲ႔တင္ ထိပ္ေျပာင္သူေတြလည္း ရွိၾကပါတယ္။ အထူးသျဖင့္ တ႐ုတ္လူမ်ဳိးေတြမွာ အသက္ ၂၀ နဲ႔ ထိပ္ေျပာင္တတ္ၾကတယ္လုိ႔ ေလ့ လာမႈအမ်ားအျပားအရ သိရပါတယ္။
ဘာေၾကာင့္ ငယ္ငယ္ရြယ္ရြယ္နဲ႔ ထိပ္ေျပာင္ ရသလဲဆုိတာကုိ အေျဖရွာၾကည့္တဲ့အခါမွာ ေအာက္ပါအခ်က္ငါးခုကုိ ေတြ႕ရွိခဲ့ပါ တယ္။

၁။ စိတ္ဖိစီးမႈမ်ားျခင္း
စိတ္ဖိစီးမႈမ်ားတာက ဆံပင္ရဲ႕ ႀကီးထြားမႈျဖစ္စဥ္အေပၚမွာ သက္ေရာက္မႈရွိပါ တယ္။ စိတ္ဖိစီးမႈေၾကာင့္ ဆံင္ေပါက္တဲ့ျဖစ္စဥ္ ပ်က္စီးသြားၿပီး ဆံပင္ကၽြတ္တဲ့ျဖစ္စဥ္ က ပုိမ်ားလာပါတယ္။ ႂကြက္နဲ႔ ေမ်ာက္ေတြလုိမ်ဳိး တိရစၦာန္ေတြကို ေလ့လာမႈအမ်ား အျပားျပဳလုပ္ရာမွာ စိတ္ဖိစီးမႈေဟာ္မုန္း ေကာ္တီေစာပမာဏ ျမင့္မားတဲ့ တိရစၦာန္ ေတြမွာ ဆံပင္ဆံုး႐ႈံးမႈပုိမ်ားတာကုိ ေတြ႕ရွိခဲ့ပါတယ္။

၂။ ဆံပင္ထိန္းသိမ္းမႈ ညံ့ဖ်င္းျခင္း
သိပၸံပညာရွင္ေတြရဲ႕ အဆုိအရ ဆံပင္ထိန္းသိမ္းမႈက ဆံပင္ဆံုး႐ႈံးတာနဲ႔ တုိက္႐ုိက္ဆက္စပ္ေနတယ္လုိ႔ သိရပါတယ္။ ဆံပင္အေရာင္ခၽြတ္တာ၊ အေရာင္ဆုိးတာ၊ ေကာက္တာ၊ ေျဖာင့္တာေတြကုိ အလြန္အကၽြံလုပ္တာေၾကာင့္ ဆံသား ပ်က္စီးႏုိင္ပါတယ္။ ဆံပင္ဆက္တာေၾကာင့္လည္း ဆံပင္ရဲ႕ အေလးခ်ိန္ေၾကာင့္ ဆံသားအျမစ္ပ်က္ စီးသြားႏုိင္ပါတယ္။

၃။ အာဟာရဓာတ္ခ်ဳိ႕တဲ့ျခင္း
အစားအစာက ဆံပင္ရဲ႕ က်န္းမာေရးေပၚမွာ တုိက္႐ုိက္သက္ေရာက္မႈရွိပါ တယ္။ သက္သတ္လြတ္စားသမားေတြက ဆံပင္ကၽြတ္ေလ့ရွိပါတယ္။ ေလ့လာမႈအမ်ားအ ျပားအရ ပ႐ုိတင္း၊ သြပ္ဓာတ္နဲ႔ ဗီတာမင္ ဒီ ခ်ဳိ႕တဲ့တာေၾကာင့္ ထိပ္ေျပာင္ႏုိင္တယ္လုိ႔ သိရပါတယ္။

၄။ အဆိပ္အေတာက္ႏွင့္ ထိေတြ႕မႈမ်ားျခင္း
အဆိပ္ေငြ႕ေတြက ယေန႔ေခတ္ကာလမွာ ေနရာတကာမွာ ရွိေနတတ္ပါတယ္။ ေလထုညစ္ညမ္းမႈေၾကာင့္ အဆိပ္ျဖစ္တာက အမ်ားဆံုးပါပဲ။ ေလထုညစ္ညမ္းမႈ ေၾကာင့္ ဆံျခည္မွ်င္ေပါက္ေလးေတြက ပ်က္စီးသြားၿပီး ဆံသားက်ဳိးတာေတြနဲ႔ ဆံပင္ ပါးတာေတြ ျဖစ္လာႏုိင္ပါတယ္။ ေလ့လာမႈအရ ၿမိဳ႕မွာေနထုိင္သူေတြက ေလထဲမွာ ပါ၀င္တဲ့ ေဆးလိပ္ေငြ႕၊ ခဲဆိပ္၊ နီကယ္ဆိပ္နဲ႔ ဆာလဖာဆိပ္ေၾကာင့္ ေတာမွာေနထုိင္ သူေတြထက္ ဆံပင္ကၽြတ္မႈပုိမ်ားတယ္လုိ႔ သိရပါတယ္။ ေရာဂါထိန္းခ်ဳပ္ေရးနဲ႔ ကာ ကြယ္ေရး ဗဟုိရဲ႕ အဆုိအရ စီးကရက္မွာ ပါ၀င္တဲ့အဆိပ္ေငြ႕ေတြက အေရျပား၊ လက္သည္း၊ သြားနဲ႔ ဆံပင္ေပၚမွာ သက္ေရာက္မႈမ်ားစြာရွိတယ္လုိ႔ သိရပါတယ္။ ဒါ ေၾကာင့္ ဆံသားက်န္းမာဖုိ႔အတြက္ ေဆးလိပ္ျဖတ္တာ၊ ေဆးလိပ္ေငြ႕ကုိ ေရွာင္တာ ေတြ ျပဳလုပ္သင့္ပါတယ္။

၅။ အျခားအေၾကာင္းအရာမ်ား
ေဟာ္မုန္းအေျပာင္းအလဲ၊ သုိင္း႐ိြဳက္နဲ႔ Auto Immune ေရာဂါေတြေၾကာင့္ လူငယ္အမ်ဳိးသားနဲ႔ အမ်ဳိးသမီးေတြၾကားမွာ ဆံပင္အကၽြတ္မ်ားၾကတယ္လုိ႔ သိရပါတယ္။

ဆံပင္မကၽြတ္ေအာင္

ငယ္ငယ္ရြယ္ရြယ္နဲ႔ ဆံပင္ကၽြတ္သူေတြအေနနဲ႔ အေရျပားအထူးကုဆရာ၀န္နဲ႔ ေဆြးေႏြးတုိင္ပင္သင့္ပါတယ္။ သင္ရဲ႕ က်န္းမာေရးအေျခအေနေတြ သိရေအာင္ ဓာတ္ခြဲခန္းစစ္ေဆးမႈျပဳလုပ္တာ၊ အာဟာရခ်ဳိ႕တဲ့မႈ ရွိ မရွိ စစ္ေဆးမႈေတြ ျပဳလုပ္ၿပီး ေဆာင္သင့္တာ ေဆာင္၊ ေရွာင္သင့္တာ ေရွာင္ရပါမယ္။ ဒါ့အျပင္ –
♦ တစ္ပတ္ကုိ ႏွစ္ႀကိမ္မွ သံုးႀကိမ္ ေခါင္းေလွ်ာ္ပါ။
♦ သံဓာတ္၊ သြပ္ဓာတ္နဲ႔ ဗီတာမင္ ဒီ မ်ားစြာ ပါ၀င္တဲ့ က်န္းမာေရးနဲ႔ ညီၫြတ္တဲ့ အစားအစာ စားသံုးပါ။

Credit: ေဒါက္တာခင္မုိးမုိး
# Unicode Version ျဖင့္ ဖတ္ပါ #
ပုံမှန်အားဖြင့် နေ့စဉ် ဆံပင် အချောင်း ၅၀-၁၀၀ အထိ ကျွတ်လေ့ရှိပါတယ်။ ဆံပင်တွေက ပုံမှန်အားဖြင့် ပေါက်လာပြီးနောက်ပိုင်းမှာ ကြီးထွားမှုရပ်တန့်သွားပြီး ကျွတ်လေ့ရှိပါတယ်။ ဒါပေမဲ့ ဆံပင်ပြန်ပေါက်တဲ့ဖြစ်စဉ်ပျက်စီးသွားတဲ့အခါမှာ ထိပ် ပြောင်လာကြပါတယ်။

များသောအားဖြင့် အသက်ကြီးသူတွေမှာ ဖြစ်လေ့ရှိပါတယ်။ ဒါပေမဲ့လည်း အသက် ၂၀ အရွယ်နဲ့တင် ထိပ်ပြောင်သူတွေလည်း ရှိကြပါတယ်။ အထူးသဖြင့် တရုတ်လူမျိုးတွေမှာ အသက် ၂၀ နဲ့ ထိပ်ပြောင်တတ်ကြတယ်လို့ လေ့ လာမှုအများအပြားအရ သိရပါတယ်။

ဘာကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ ထိပ်ပြောင် ရသလဲဆိုတာကို အဖြေရှာကြည့်တဲ့အခါမှာ အောက်ပါအချက်ငါးခုကို တွေ့ရှိခဲ့ပါ တယ်။

၁။ စိတ်ဖိစီးမှုများခြင်း
စိတ်ဖိစီးမှုများတာက ဆံပင်ရဲ့ ကြီးထွားမှုဖြစ်စဉ်အပေါ်မှာ သက်ရောက်မှုရှိပါ တယ်။ စိတ်ဖိစီးမှုကြောင့် ဆံင်ပေါက်တဲ့ဖြစ်စဉ် ပျက်စီးသွားပြီး ဆံပင်ကျွတ်တဲ့ဖြစ်စဉ် က ပိုများလာပါတယ်။ ကြွက်နဲ့ မျောက်တွေလိုမျိုး တိရစ္ဆာန်တွေကို လေ့လာမှုအများ အပြားပြုလုပ်ရာမှာ စိတ်ဖိစီးမှုဟော်မုန်း ကော်တီစောပမာဏ မြင့်မားတဲ့ တိရစ္ဆာန် တွေမှာ ဆံပင်ဆုံးရှုံးမှုပိုများတာကို တွေ့ရှိခဲ့ပါတယ်။

၂။ ဆံပင်ထိန်းသိမ်းမှု ညံ့ဖျင်းခြင်း
သိပ္ပံပညာရှင်တွေရဲ့ အဆိုအရ ဆံပင်ထိန်းသိမ်းမှုက ဆံပင်ဆုံးရှုံးတာနဲ့ တိုက်ရိုက်ဆက်စပ်နေတယ်လို့ သိရပါတယ်။ ဆံပင်အရောင်ချွတ်တာ၊ အရောင်ဆိုးတာ၊ ကောက်တာ၊ ဖြောင့်တာတွေကို အလွန်အကျွံလုပ်တာကြောင့် ဆံသား ပျက်စီးနိုင်ပါတယ်။ ဆံပင်ဆက်တာကြောင့်လည်း ဆံပင်ရဲ့ အလေးချိန်ကြောင့် ဆံသားအမြစ်ပျက် စီးသွားနိုင်ပါတယ်။

၃။ အာဟာရဓာတ်ချို့တဲ့ခြင်း
အစားအစာက ဆံပင်ရဲ့ ကျန်းမာရေးပေါ်မှာ တိုက်ရိုက်သက်ရောက်မှုရှိပါ တယ်။ သက်သတ်လွတ်စားသမားတွေက ဆံပင်ကျွတ်လေ့ရှိပါတယ်။ လေ့လာမှုအများအ ပြားအရ ပရိုတင်း၊ သွပ်ဓာတ်နဲ့ ဗီတာမင် ဒီ ချို့တဲ့တာကြောင့် ထိပ်ပြောင်နိုင်တယ်လို့ သိရပါတယ်။

၄။ အဆိပ်အတောက်နှင့် ထိတွေ့မှုများခြင်း
အဆိပ်ငွေ့တွေက ယနေ့ခေတ်ကာလမှာ နေရာတကာမှာ ရှိနေတတ်ပါတယ်။ လေထုညစ်ညမ်းမှုကြောင့် အဆိပ်ဖြစ်တာက အများဆုံးပါပဲ။ လေထုညစ်ညမ်းမှု ကြောင့် ဆံခြည်မျှင်ပေါက်လေးတွေက ပျက်စီးသွားပြီး ဆံသားကျိုးတာတွေနဲ့ ဆံပင် ပါးတာတွေ ဖြစ်လာနိုင်ပါတယ်။ လေ့လာမှုအရ မြို့မှာနေထိုင်သူတွေက လေထဲမှာ ပါဝင်တဲ့ ဆေးလိပ်ငွေ့၊ ခဲဆိပ်၊ နီကယ်ဆိပ်နဲ့ ဆာလဖာဆိပ်ကြောင့် တောမှာနေထိုင် သူတွေထက် ဆံပင်ကျွတ်မှုပိုများတယ်လို့ သိရပါတယ်။ ရောဂါထိန်းချုပ်ရေးနဲ့ ကာ ကွယ်ရေး ဗဟိုရဲ့ အဆိုအရ စီးကရက်မှာ ပါဝင်တဲ့အဆိပ်ငွေ့တွေက အရေပြား၊ လက်သည်း၊ သွားနဲ့ ဆံပင်ပေါ်မှာ သက်ရောက်မှုများစွာရှိတယ်လို့ သိရပါတယ်။ ဒါ ကြောင့် ဆံသားကျန်းမာဖို့အတွက် ဆေးလိပ်ဖြတ်တာ၊ ဆေးလိပ်ငွေ့ကို ရှောင်တာ တွေ ပြုလုပ်သင့်ပါတယ်။

၅။ အခြားအကြောင်းအရာများ
ဟော်မုန်းအပြောင်းအလဲ၊ သိုင်းရွိုက်နဲ့ Auto Immune ရောဂါတွေကြောင့် လူငယ်အမျိုးသားနဲ့ အမျိုးသမီးတွေကြားမှာ ဆံပင်အကျွတ်များကြတယ်လို့ သိရပါတယ်။

ဆံပင်မကျွတ်အောင်

ငယ်ငယ်ရွယ်ရွယ်နဲ့ ဆံပင်ကျွတ်သူတွေအနေနဲ့ အရေပြားအထူးကုဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ သင်ရဲ့ ကျန်းမာရေးအခြေအနေတွေ သိရအောင် ဓာတ်ခွဲခန်းစစ်ဆေးမှုပြုလုပ်တာ၊ အာဟာရချို့တဲ့မှု ရှိ မရှိ စစ်ဆေးမှုတွေ ပြုလုပ်ပြီး ဆောင်သင့်တာ ဆောင်၊ ရှောင်သင့်တာ ရှောင်ရပါမယ်။ ဒါ့အပြင် –
♦ တစ်ပတ်ကို နှစ်ကြိမ်မှ သုံးကြိမ် ခေါင်းလျှော်ပါ။
♦ သံဓာတ်၊ သွပ်ဓာတ်နဲ့ ဗီတာမင် ဒီ များစွာ ပါဝင်တဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာ စားသုံးပါ။

Credit: ဒေါက်တာခင်မိုးမိုး

0 comments:

Post a Comment