Pages

Wednesday, February 21, 2018

# ZawGyi Version ျဖင့္ဖတ္ရန္ #
ဒီေန႔ေခတ္ လူ႔ေဘာင္အဖြဲ႕အစည္းမွာ လက္မထပ္ေသးဘဲ အတူတူေနသူ(လိင္ဆက္ဆံၾကသူ)ေတြ အမ်ားႀကီး ပါ။ အဲဒါအျပင္ ေနာက္ထပ္ယဥ္ေက်းမႈတခုလည္း ျဖစ္တည္လာပါတယ္။ အဲဒါကေတာ့ Sext လို႔ဆိုတဲ့ အဂၤလိပ္ ဘန္းစကား၊ အရွည္က Sex-chat ဆိုတဲ့ အေဖာ္အခြၽတ္ပုံေတြ၊ စကားေတြကို အြန္လိုင္း Chat box ကေန ေျပာၾကတာပါ။ တခ်ိဳ႕လည္း မိမိခ်စ္သူနဲ႔ မိမိေျပာၾကတယ္။ တခ်ိဳ႕ကလည္း အခေၾကးေငြ တခုခု (ျပည္တြင္းမွာ ေတာ့ ဖုန္းေဘလ္ေပးနည္း)နဲ႔ လက္ခံေျပာၾကပါတယ္။

အခု စာေရးသူေျပာမွာက မိမိခ်စ္သူနဲ႔မိမိ ေျပာဆိုမႈေတြအတြက္ပါ။ တကယ္တမ္း ေရျခား ေျမျခား ေဝးကြာေနတဲ့ခ်စ္သူေတြ၊ အိမ္ေထာင္သည္ေတြအတြက္ကေတာ့ အခုလို အြန္လိုင္းေပၚကေန ႏွစ္ေယာက္တည္းသိတဲ့ အေဖာ္အခြၽတ္စကားေတြေျပာရင္း ႏွစ္သိမ့္ေက်နပ္မႈ ရွာၾကတာ အျပစ္လို႔ေတာ့ မဆိုႏိုင္ပါဘူး။

ဒါေပမယ့္ ဒီလို အေဖာ္အခြၽတ္စကားေတြက ေကာင္းပါရဲ႕လား။ အယ္ဘာတာ တကၠသိုလ္(Alberta)က ေလ့လာေရးအဖြဲ႕ရဲ႕ေဆာင္းပါးတခုကို Computers in Human Behavior ဂ်ာနယ္မွာ ေဖာ္ျပထားတာ ေတြ႕ရပါတယ္။ သူတို႔ရဲ႕ ေလ့လာခ်က္အရေတာ့ ေဝးကြာေနတဲ့ ခ်စ္သူေတြအေနနဲ႔ အြန္လိုင္းကေန အေဖာ္အခြၽတ္စကားေတြ ေျပာဆိုမႈမွာ လိင္စိတ္ပိုင္းဆိုင္ရာ စိတ္ေက်နပ္မႈ ျဖစ္ေစေပမယ့္ ခ်စ္သူႏွစ္ဦးအၾကား ခ်စ္ျခင္းေမတၱာကိုေတာ့ ေျပာင္းလဲမႈရွိသြားေစတယ္လို႔ ဆိုပါတယ္။

ေလ့လာေရးအဖြဲ႕က အေမရိကန္နဲ႔ ကေနဒါႏိုင္ငံေတြက အ႐ြယ္ေရာက္ၿပီး လူငယ္ ၆၁၅ ဦးကို စစ္တမ္းေကာက္ ေလ့လာမႈလုပ္ေဆာင္ထားတာ ေတြ႕ရပါတယ္။ အထူးသျဖင့္ေတာ့ အဆိုပါ လူ႐ြယ္ေတြရဲ႕ အြန္လိုင္းကေန အေဖာ္အခြၽတ္စကားေတြအေၾကာင္း ေလ့လာထားတာပါ။ ဒီလို ေလ့လာမႈမွာ ပုံစံ ၄ မ်ိဳးထိေအာင္ ကြဲထြက္ သြားတာ ေတြ႕လာရပါတယ္။ လုံးဝ အေဖာ္အခြၽတ္စကားမေျပာသူ၊ အေဖာ္အခြၽတ္(စကား)ပဲ ေျပာသူ၊ မၾကာခဏ အေဖာ္အခြၽတ္စကားေျပာသူနဲ႔ ပုံေတြ၊ စာေတြအစုံနဲ႔ အေဖာ္အခြၽတ္စကားေျပာသူေတြ ျဖစ္ပါတယ္။

ဒီေနရာမွာ အေဖာ္အခြၽတ္ေျပာသူ ျဖစ္ေနမယ္ဆိုရင္ေတာ့ မိမိတို႔ေျပာဆိုသမွ်ကို တဖက္နဲ႔တဖက္ လုံးဝ သစၥာ ေစာင့္သိဖို႔ လိုအပ္လာပါၿပီ။ ေလ့လာခ်က္အရေတာ့ စာေတြ၊ ပုံေတြနဲ႔ ေျပာဆိုသူေတြက ပိုၿပီး လူသိ မခံလိုၾကဘူးလို႔ ဆိုပါတယ္။ ၿပီးေတာ့ သူတို႔ဟာ ကာလသားႀကိဳက္ ႐ုပ္သံေတြလည္း ပိုၾကည့္ေလ့ရွိတယ္လို႔ သိရပါတယ္။

အြန္လိုင္းကေန အေဖာ္အခြၽတ္စကားေျပာသူေတြက လူေရာ စိတ္က်န္းမာေရးအတြက္ေရာ မေကာင္းပါဘူးလု႔ိ ေလ့လာေရးအဖြဲ႕ေခါင္းေဆာင္လည္းျဖစ္၊ လူမႈဘဝေရးရာပညာရွင္ ပါေမာကၡ Adam Galovan က ေျပာပါတယ္။ ေလ့လာေတြ႕ရွိခ်က္အရ အေဖာ္အခြၽတ္စကားေျပာတတ္သူေတြဟာ လိင္မႈေရးရာမွာပဲ ပိုၿပီး စိတ္အား ထက္သန္သလို အျခား ခ်စ္ခင္ၾကင္နာမႈလို အပိုင္းေတြမွာ အားနည္းသြားတယ္လို႔ သူက ရွင္းျပပါတယ္။

ေျပာရရင္ေတာ့ နည္းပညာ အကူအညီရယူၿပီး လိင္ဆက္ဆံျခင္း ပုံစံတမ်ိဳးပါ။ တကယ္တမ္း ခ်စ္ခင္မႈ မပါပါဘူး။ အဆင္မသင့္ရင္ တစုံတေယာက္က မိမိတို႔ရဲ႕ ေျပာဆိုခ်က္ေတြကို ဖြင့္ခ် ေဖာ္ျပျခင္းေတာင္ ခံရသြားႏိုင္ပါတယ္ လို႔ ဆိုပါတယ္။

စိတ္ၾကည္ႏူးေပ်ာ္႐ႊင္ဖို႔အတြက္ အခ်ိန္မေပးခ်င္ဘူး။ မိမိရဲ႕ စိတ္ဆႏၵကိုပဲ ဦးစားေပးၿပီး အေဖာ္အခြၽတ္ စကားေတြ ေျပာဆိုတတ္ၾကပါတယ္။ ဒါဟာ အမွန္တကယ္ ခ်စ္ရာမေရာက္ပါဘူး။ ခိုင္မာတဲ့ သံေယာဇဥ္တခု တည္ေဆာက္ျခင္းလည္း မဟုတ္ပါဘူးလို႔ အဒမ္က ဆက္ေျပာပါတယ္။

ဒါေပမယ့္ အခု ေနာက္ပိုင္း အေဖာ္အခြၽတ္စကားေျပာဆိုမႈေတြ ေရပန္းစားေနတာကေတာ့ ျငင္းလို႔မရပါဘူး။ ေလ့လာခ်က္အရ ၅၈ ရာခိုင္ႏႈန္းေလာက္ေသာ အ႐ြယ္ေရာက္ ေက်ာင္းသားေတြက အေဖာ္အခြၽတ္စကားေတြ စေျပာဖူးတယ္လို႔ ဆိုသလို ၆၂ ရာခိုင္ႏႈန္းေလာက္ေသာသူေတြက ဒီလို စကားေတြေျပာဖို႔ ကမ္းလွမ္း ခံရဖူးတယ္လို႔ သိရပါတယ္။ အထူးသျဖင့္ေတာ့ အေဖာ္အခြၽတ္စကား စေျပာဖို႔ ေကာင္ေလးေတြက စတင္ စည္း႐ုံးတာလည္း ျဖစ္ပါတယ္။

ဒီလို အေဖာ္အခြၽတ္စကားေျပာတယ္ဆိုတဲ့ သူေတြထဲက ထက္ဝက္ေလာက္က လိင္စိတ္ျဖစ္လာေၾကာင္းနဲ႔ စိတ္ခံစားမႈ အဆင္ေျပေက်နပ္ေၾကာင္း ဆိုၾကပါတယ္။ ဒါေပမယ့္ က်န္တဝက္ေလာက္က ဒီလို အြန္လိုင္းကေန အေဖာ္အခြၽတ္ စကားေျပာရတာ မႏွစ္သက္ပါဘူးတဲ့။ မႏွစ္သက္ရတဲ့ အေၾကာင္းကလည္း မိမိပို႔လိုက္၊ ေျပာလိုက္တဲ့ စာ၊ ပုံေတြ ပ်ံ႕ႏွံ႔မႈရွိမွာ စိုးၾကလို႔ပါ။

ေလ့လာခ်က္အတြင္း ၃၅၂ ဦးေသာ ေက်ာင္းသား၊ ေက်ာင္းသူေတြထဲက မိန္းကေလးေတြက အေဖာ္အခြၽတ္ စကားေျပာဆိုရမႈေတြကို မႏွစ္သက္လိုၾကဘူး၊ စိတ္အဆင္ေျပမႈဆိုတာထက္ ပုံေတြ၊ စာေတြ ပ်ံ႕ႏွံ႔မွာကို စိုး႐ြံ႕ေနတတ္ၾကၿပီး သက္ငယ္ပိုင္း ေကာင္းေလးေတြကေတာ့ ဒီလို ေျပာဆိုရတာကို ႏွစ္သက္တယ္လို႔ ေတြ႕ရပါတယ္။

ဒီေတာ့ အခုေခတ္မွာ အေဖာ္အခြၽတ္စကားေတြ ေျပာတာေကာင္းရဲ႕လား။ ေတြးစရာ ရွိတာက သင္ကိုယ္တိုင္ေရာ သင္နဲ႔ ေျပာမယ့္ ခ်စ္သူေရာ၊ ႏွစ္ဦးစလုံး သစၥာရွိရဲ႕လား။ ပုံေတြ၊ စာေတြကို ႏွစ္ဦးတည္း သိေစမွာ ေသခ်ာရဲ႕လား။ ၿပီးေတာ့ တကယ္တမ္းေရာ အေဖာ္အခြၽတ္စကားေတြ ေျပာလိုက္လို႔ ႏွစ္ဦးစလုံး စိတ္ေက်နပ္မႈ ရွိမွာေရာ ေသခ်ာရဲ႕လား။ ဒါဆိုရင္ေတာ့ ႏွစ္ကိုယ္ၾကား အေဖာ္အခြၽတ္စကားေတြက ဆိုးက်ိဳး မရွိႏိုင္ပါဘူး။ စိတ္ေက်နပ္မႈအတြက္ ေျပာႏိုင္ပါတယ္။

ဒါေပမယ့္ တခုသိထားရမွာက ကိုယ္ေျပာသလို ျဖစ္ပါတယ္။ တန္ဖိုး မရွိပါဘူးဆိုတဲ့ အေတြးမ်ိဳးနဲ႔ ႏွစ္ကိုယ္ၾကား ခ်စ္ခင္မႈ သံေယာဇဥ္ေတြ ေလ်ာ့နည္းသြားတတ္လို႔ လိင္စိတ္ကို ေက်နပ္ေစမႈထက္ တကယ္တမ္း ခ်စ္ရာ မေရာက္တဲ့ အေဖာ္အခြၽတ္စကားေတြ မေျပာတာေတာ့ အေကာင္းဆုံးပါ။

www.businessinsider.com တြင္ေဖာ္ျပထားတဲ့ People who sext their partners a lot are more sexually satisfied – but their relationship could be suffering in other ways ဆိုတဲ့ ေဆာင္းပါးကို ဆီေလ်ာ္ေအာင္ ဘာသာျပန္ဆိုသည္။

Credit: burma.irrawaddy
# Unicode Version ဖြင့်ဖတ်ရန် #

ဒီနေ့ခေတ် လူ့ဘောင်အဖွဲ့အစည်းမှာ လက်မထပ်သေးဘဲ အတူတူနေသူ(လိင်ဆက်ဆံကြသူ)တွေ အများကြီး ပါ။ အဲဒါအပြင် နောက်ထပ်ယဉ်ကျေးမှုတခုလည်း ဖြစ်တည်လာပါတယ်။ အဲဒါကတော့ Sext လို့ဆိုတဲ့ အင်္ဂလိပ် ဘန်းစကား၊ အရှည်က Sex-chat ဆိုတဲ့ အဖော်အချွတ်ပုံတွေ၊ စကားတွေကို အွန်လိုင်း Chat box ကနေ ပြောကြတာပါ။ တချို့လည်း မိမိချစ်သူနဲ့ မိမိပြောကြတယ်။ တချို့ကလည်း အခကြေးငွေ တခုခု (ပြည်တွင်းမှာ တော့ ဖုန်းဘေလ်ပေးနည်း)နဲ့ လက်ခံပြောကြပါတယ်။

အခု စာရေးသူပြောမှာက မိမိချစ်သူနဲ့မိမိ ပြောဆိုမှုတွေအတွက်ပါ။ တကယ်တမ်း ရေခြား မြေခြား ဝေးကွာနေတဲ့ချစ်သူတွေ၊ အိမ်ထောင်သည်တွေအတွက်ကတော့ အခုလို အွန်လိုင်းပေါ်ကနေ နှစ်ယောက်တည်းသိတဲ့ အဖော်အချွတ်စကားတွေပြောရင်း နှစ်သိမ့်ကျေနပ်မှု ရှာကြတာ အပြစ်လို့တော့ မဆိုနိုင်ပါဘူး။

ဒါပေမယ့် ဒီလို အဖော်အချွတ်စကားတွေက ကောင်းပါရဲ့လား။ အယ်ဘာတာ တက္ကသိုလ်(Alberta)က လေ့လာရေးအဖွဲ့ရဲ့ဆောင်းပါးတခုကို Computers in Human Behavior ဂျာနယ်မှာ ဖော်ပြထားတာ တွေ့ရပါတယ်။ သူတို့ရဲ့ လေ့လာချက်အရတော့ ဝေးကွာနေတဲ့ ချစ်သူတွေအနေနဲ့ အွန်လိုင်းကနေ အဖော်အချွတ်စကားတွေ ပြောဆိုမှုမှာ လိင်စိတ်ပိုင်းဆိုင်ရာ စိတ်ကျေနပ်မှု ဖြစ်စေပေမယ့် ချစ်သူနှစ်ဦးအကြား ချစ်ခြင်းမေတ္တာကိုတော့ ပြောင်းလဲမှုရှိသွားစေတယ်လို့ ဆိုပါတယ်။

လေ့လာရေးအဖွဲ့က အမေရိကန်နဲ့ ကနေဒါနိုင်ငံတွေက အရွယ်ရောက်ပြီး လူငယ် ၆၁၅ ဦးကို စစ်တမ်းကောက် လေ့လာမှုလုပ်ဆောင်ထားတာ တွေ့ရပါတယ်။ အထူးသဖြင့်တော့ အဆိုပါ လူရွယ်တွေရဲ့ အွန်လိုင်းကနေ အဖော်အချွတ်စကားတွေအကြောင်း လေ့လာထားတာပါ။ ဒီလို လေ့လာမှုမှာ ပုံစံ ၄ မျိုးထိအောင် ကွဲထွက် သွားတာ တွေ့လာရပါတယ်။ လုံးဝ အဖော်အချွတ်စကားမပြောသူ၊ အဖော်အချွတ်(စကား)ပဲ ပြောသူ၊ မကြာခဏ အဖော်အချွတ်စကားပြောသူနဲ့ ပုံတွေ၊ စာတွေအစုံနဲ့ အဖော်အချွတ်စကားပြောသူတွေ ဖြစ်ပါတယ်။

ဒီနေရာမှာ အဖော်အချွတ်ပြောသူ ဖြစ်နေမယ်ဆိုရင်တော့ မိမိတို့ပြောဆိုသမျှကို တဖက်နဲ့တဖက် လုံးဝ သစ္စာ စောင့်သိဖို့ လိုအပ်လာပါပြီ။ လေ့လာချက်အရတော့ စာတွေ၊ ပုံတွေနဲ့ ပြောဆိုသူတွေက ပိုပြီး လူသိ မခံလိုကြဘူးလို့ ဆိုပါတယ်။ ပြီးတော့ သူတို့ဟာ ကာလသားကြိုက် ရုပ်သံတွေလည်း ပိုကြည့်လေ့ရှိတယ်လို့ သိရပါတယ်။

အွန်လိုင်းကနေ အဖော်အချွတ်စကားပြောသူတွေက လူရော စိတ်ကျန်းမာရေးအတွက်ရော မကောင်းပါဘူးလု့ိ လေ့လာရေးအဖွဲ့ခေါင်းဆောင်လည်းဖြစ်၊ လူမှုဘဝရေးရာပညာရှင် ပါမောက္ခ Adam Galovan က ပြောပါတယ်။ လေ့လာတွေ့ရှိချက်အရ အဖော်အချွတ်စကားပြောတတ်သူတွေဟာ လိင်မှုရေးရာမှာပဲ ပိုပြီး စိတ်အား ထက်သန်သလို အခြား ချစ်ခင်ကြင်နာမှုလို အပိုင်းတွေမှာ အားနည်းသွားတယ်လို့ သူက ရှင်းပြပါတယ်။

ပြောရရင်တော့ နည်းပညာ အကူအညီရယူပြီး လိင်ဆက်ဆံခြင်း ပုံစံတမျိုးပါ။ တကယ်တမ်း ချစ်ခင်မှု မပါပါဘူး။ အဆင်မသင့်ရင် တစုံတယောက်က မိမိတို့ရဲ့ ပြောဆိုချက်တွေကို ဖွင့်ချ ဖော်ပြခြင်းတောင် ခံရသွားနိုင်ပါတယ် လို့ ဆိုပါတယ်။

စိတ်ကြည်နူးပျော်ရွှင်ဖို့အတွက် အချိန်မပေးချင်ဘူး။ မိမိရဲ့ စိတ်ဆန္ဒကိုပဲ ဦးစားပေးပြီး အဖော်အချွတ် စကားတွေ ပြောဆိုတတ်ကြပါတယ်။ ဒါဟာ အမှန်တကယ် ချစ်ရာမရောက်ပါဘူး။ ခိုင်မာတဲ့ သံယောဇဉ်တခု တည်ဆောက်ခြင်းလည်း မဟုတ်ပါဘူးလို့ အဒမ်က ဆက်ပြောပါတယ်။

ဒါပေမယ့် အခု နောက်ပိုင်း အဖော်အချွတ်စကားပြောဆိုမှုတွေ ရေပန်းစားနေတာကတော့ ငြင်းလို့မရပါဘူး။ လေ့လာချက်အရ ၅၈ ရာခိုင်နှုန်းလောက်သော အရွယ်ရောက် ကျောင်းသားတွေက အဖော်အချွတ်စကားတွေ စပြောဖူးတယ်လို့ ဆိုသလို ၆၂ ရာခိုင်နှုန်းလောက်သောသူတွေက ဒီလို စကားတွေပြောဖို့ ကမ်းလှမ်း ခံရဖူးတယ်လို့ သိရပါတယ်။ အထူးသဖြင့်တော့ အဖော်အချွတ်စကား စပြောဖို့ ကောင်လေးတွေက စတင် စည်းရုံးတာလည်း ဖြစ်ပါတယ်။

ဒီလို အဖော်အချွတ်စကားပြောတယ်ဆိုတဲ့ သူတွေထဲက ထက်ဝက်လောက်က လိင်စိတ်ဖြစ်လာကြောင်းနဲ့ စိတ်ခံစားမှု အဆင်ပြေကျေနပ်ကြောင်း ဆိုကြပါတယ်။ ဒါပေမယ့် ကျန်တဝက်လောက်က ဒီလို အွန်လိုင်းကနေ အဖော်အချွတ် စကားပြောရတာ မနှစ်သက်ပါဘူးတဲ့။ မနှစ်သက်ရတဲ့ အကြောင်းကလည်း မိမိပို့လိုက်၊ ပြောလိုက်တဲ့ စာ၊ ပုံတွေ ပျံ့နှံ့မှုရှိမှာ စိုးကြလို့ပါ။

လေ့လာချက်အတွင်း ၃၅၂ ဦးသော ကျောင်းသား၊ ကျောင်းသူတွေထဲက မိန်းကလေးတွေက အဖော်အချွတ် စကားပြောဆိုရမှုတွေကို မနှစ်သက်လိုကြဘူး၊ စိတ်အဆင်ပြေမှုဆိုတာထက် ပုံတွေ၊ စာတွေ ပျံ့နှံ့မှာကို စိုးရွံ့နေတတ်ကြပြီး သက်ငယ်ပိုင်း ကောင်းလေးတွေကတော့ ဒီလို ပြောဆိုရတာကို နှစ်သက်တယ်လို့ တွေ့ရပါတယ်။

ဒီတော့ အခုခေတ်မှာ အဖော်အချွတ်စကားတွေ ပြောတာကောင်းရဲ့လား။ တွေးစရာ ရှိတာက သင်ကိုယ်တိုင်ရော သင်နဲ့ ပြောမယ့် ချစ်သူရော၊ နှစ်ဦးစလုံး သစ္စာရှိရဲ့လား။ ပုံတွေ၊ စာတွေကို နှစ်ဦးတည်း သိစေမှာ သေချာရဲ့လား။ ပြီးတော့ တကယ်တမ်းရော အဖော်အချွတ်စကားတွေ ပြောလိုက်လို့ နှစ်ဦးစလုံး စိတ်ကျေနပ်မှု ရှိမှာရော သေချာရဲ့လား။ ဒါဆိုရင်တော့ နှစ်ကိုယ်ကြား အဖော်အချွတ်စကားတွေက ဆိုးကျိုး မရှိနိုင်ပါဘူး။ စိတ်ကျေနပ်မှုအတွက် ပြောနိုင်ပါတယ်။

ဒါပေမယ့် တခုသိထားရမှာက ကိုယ်ပြောသလို ဖြစ်ပါတယ်။ တန်ဖိုး မရှိပါဘူးဆိုတဲ့ အတွေးမျိုးနဲ့ နှစ်ကိုယ်ကြား ချစ်ခင်မှု သံယောဇဉ်တွေ လျော့နည်းသွားတတ်လို့ လိင်စိတ်ကို ကျေနပ်စေမှုထက် တကယ်တမ်း ချစ်ရာ မရောက်တဲ့ အဖော်အချွတ်စကားတွေ မပြောတာတော့ အကောင်းဆုံးပါ။

www.businessinsider.com တွင်ဖော်ပြထားတဲ့ People who sext their partners a lot are more sexually satisfied – but their relationship could be suffering in other ways ဆိုတဲ့ ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

Credit: burma.irrawaddy

0 comments:

Post a Comment